မီးယပ်ပညာ မီးယပ်ပညာ ကိုးကား လမ်းညွှန်မီနူး
ဆေးပညာ
မီးယပ်ပညာ
Jump to navigation
Jump to search
မီးယပ်ပညာ
1513
မီးယပ်ပညာဟု ဆိုထားသော်လည်း မီးယပ်နှင့် စပ်လျဉ်း
သည့် ကိစ္စများတွင်သာမက မိန်းမတို့၏အင်္ဂါအစိတ်အပိုင်းများနှင့်
စပ်လျဉ်းသည့် ရောဂါနှင့် လေ့လာကုသမှုများကိုပါ ထည့်သွင်း
ဖော်ပြသွားမည် ဖြစ်သည်။
ဆေးပညာလောကတွင် ဆေးပေးပညာ၊ ခွဲစိတ်ပညာတို့
အပြင် မိန်းမတို့၏ အင်္ဂါအစိတ်အပိုင်းတို့၌ ဖြစ်ပေါ်သော ရောဂါ
ဝေဒနာမျာကို လေ့လာပြီးလျှင် ကုသပေးသည့် မိန်းမရောဂါဟူ၍
ရှိ သေးသည်။
မိန်းမရောဂါဆိုရာ၌ မိန်းမတို့ကိုယ်၌သာရှိသော မိန်းမ
ကိုယ်၊ သားအိမ်၊ သားမျိုပြွန်၊ သားမျိုးအိတ်၊
သားဥတို့တွင်ဖြစ်ပေါ် သည့် ရောဂါများကိုသာ အချို့
မိန်းမရောဂါ ဆေးပညာစာအုပ်များ၌ ရေးသားကြ၍၊
သားမြတ်နှင့် စပ်လျဉ်းသော ရောဂါများကိုလည်း အချို့က
မိန်းမရောဂါ ဆေးပညာနှင့် သက်ဆိုင်သည်ဟု ယူဆကြ သည်။
ဆေးပညာ သမိုင်းတစ်လျှောက်ကိုလိုက်၍ လေ့လာကြည့်ရှု
မည်ဆိုလျှင် ရှေးနှစ်ပေါင်းများစွာကပင် ဆေးပညာ ထွန်းကားခဲ့
ကြောင်း တွေ့ရသည်။ အီဂျစ်နိုင်ငံတွင် ဘီစီ ၂၁၆ဝ ကပင်
မိန်းမ နှင့် စပ်လျဉ်းသည့်ရောဂါကို လေ့လာကုသခဲ့ကြပြီး
ဖြစ်သည်။ ခေါမ၊ ရောမစသည် ဆေးပညာထွန်းကားခဲ့သော
တိုင်းပြည်များတွင် ဆေးပညာ၏ ဖခင် ဟီပေါ့ကရာတီးတို့
လက်ထက်မှစ၍ မိန်းမ
ရောဂါဆေးပညာသည် ထွန်းကားတိုးတက်လာခဲ့သည်။
မိန်းမဆိုင်ရာ ရောဂါများတွင် အသုံးပြုသည့်
ကိရိယာတန်ဆာများကိုပင် တီထွင်ခဲ့ ကြပြီးလျှင်
ဆေးကျမ်းများကိုလည်း ပြုစုနိုင်ခဲ့ကြသည်။
ကမ္ဘာ့သမိုင်းအရ အလယ်ခေတ်တွင် ဆေးပညာအားလုံး
မတိုးတက်ဘဲ နိမ့်ကျနေခဲ့ရာ၊ ထိုအထဲတွင် မိန်းမဆိုင်ရာ
ရောဂါနှင့် စပ်လျဉ်းသည့် ဆေးပညာသည်လည်း
အပါအဝင်ဖြစ်၏။ အတတ် ပညာ ပြန်လည်ဆန်းသစ်လာသော
ခေတ်တွင် လောကကြီး တစ်ခု လုံး နေရာတကာတိုင်း၌
တိုးတက်လာသည်နှင့်အမျှ ဆေးပညာများ လည်း
ပြန်လည်တိုးတက်ထွန်းကားလာခဲ့သည်။
မိန်းမဆိုင်ရာ ရောဂါများကို ကုသရာတွင် ခွဲစိတ်ကုသခြင်း
များသည် တစ်စတစ်စ ပိုမိုတိုးတက်လာ၏။ ဆေးကျွေး၊
ဆေးထိုး ရုံမျှမက အချို့ကို ခွဲစိတ်ကုသပေးကြရ၏။ ထိုကြောင့်
မိန်းမရောဂါ ဆေးပညာတွင် ဆေးပေးပညာနှင့် ခွဲစိတ်မှုပညာ
နှစ်ရပ်စလုံး အကျုံးဝင်ပေသည်။
မီးယပ်ဆိုသော စကားသည် ရောဂါ၏ အမည်မဟုတ်ပေ။
အသက် တစ်ဆယ့်သုံးနှစ်ကျော်၍ အပျိုဘော်ဝင်သည့် အချိန်တွင်
သားမျိုးအိတ်၊ သားအိမ်နှင့် မိန်းမတို့၏ သက်စောင့်ရည်အကြိတ်
များ ပြောင်းလဲလှုပ်ရှားလာချိန်မှစ၍ သွေးဆုံးချိန် အသက်
လေးဆယ့်ငါးနှစ်၊ ငါးဆယ်တိုင်အောင် တစ်လတစ်ကြိမ်
မိန်းမတို့ ကိုယ်မှ သွေးဆင်းခြင်းသည် သဘာဝအတိုင်းဖြစ်၏။
မီးယပ်သွေးဆင်းရခြင်းမှာ နှစ်ဆယ့်ရှစ်ရက်လျှင် တစ်ကြိမ်
ကျ သားမျိုးအိတ်မှ သားမျိုးဥတစ်လုံး ပေါက်ဖွားလာရာ၊ ထို
သားမျိုးဥပေါက်ချိန်တွင် သားအိမ်အတွင်းဆုံးနံရံ၌ ထိုသားဥသန္ဓေ
တည်ခဲ့သော် အဆင်သင့်ဖြစ်စေရန် အမြှေးများဖြင့် ပြင်ဆင်ထားရ
၏။ နှစ်ဆယ့်ရှစ်ရက်ပြည့်၍ သားမျိုးဥဖြစ်ပေါ်လာသည့်တိုင်
သန္ဓေ မတည်ခဲ့သော် သန္ဓေသားအတွက်အသင့်ပြင်ဆင်ထားသော
သားအိမ် နံရံမှ အမြှေးများကွာကျလာခြင်းကို
မီးယပ်သွေးဆင်းသည်၊ ရာသီသွေးပေါ်သည်ဟု ပြောစမှတ်ပြုကြ
သည်။ အကယ်၍ သားမျိုးဥသည် သန္ဓေတည်သွားပါက
သားအိမ်နံရံအမြှေးတွင် တွယ်ကပ်စွဲမြဲကာ သန္ဓေသား ကြီး
ထွားရေးအတွက် ဆက်လက်လုပ်ကိုင်ပေးရ၏။ ထို ကြောင့်
အမြှေးများ ကွာမကျတော့သဖြင့် မီးယပ်မလာတော့ပေ။
မီးယပ်သည် နှစ်ဆယ့်ရှစ်ရက်လျှင် တစ်ကြိမ်ကျ၊ တစ်ကြိမ်
တစ်ကြိမ်တွင် သုံးရက်မှ ငါးရက်ကြာမျှ သွေးဆင်းတတ်၏။
ထိုသို့မဟုတ်ဘဲဖောက်ပြန်လာလျှင် မီးယပ်ရောဂါဟူ၍
မိန်းမရောဂါ ဆေးပညာထဲသို့ အကျုံးဝင်လာ၏။
ဖြစ်ပေါ်တတ်သောမီးယပ်ရောဂါ များမှာ (၁) မီးယပ်ထိမ်ခြင်း၊
(၂) မီးယပ်သွေးလွန်ခြင်း၊ (၃) မီးယပ်ပေါ်ချိန် မြန်လွန်းခြင်း၊
(၄) မီးယပ်သွေးနည်း၍ မမှန်ခြင်း၊ (၅) မီးယပ်လာစဉ်
ကိုက်ခဲခြင်းတို့ ဖြစ်သည်။
ကိုယ်ပရှိ မိန်းမအင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်ပေါ်တတ်
သော ရောဂါများမှာ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်၍ ရောင်
ရမ်းခြင်း၊ အခြားကိုယ်ရေပြားတို့၌ ဖြစ်ပေါ်တတ်သည့် ရောဂါများ
ဖြစ်ပေါ်ခြင်း၊ ယားယံခြင်း၊ အဖုအလုံး အသားတိုးများ
ဖြစ်ပေါ်ခြင်းနှင့် ကင်ဆာရောဂါတို့ ဖြစ်ကြသည်။
ကိုယ်တွင်း မိန်းမအင်္ဂါ အစိတ်အပိုင်းများ ဖြစ်ကြသော
သားအိမ်၊ သားမျိုးပြွန်၊ သားမျိုးအိတ်၊ သားမျိုးဥတို့တွင်လည်း
အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတို့တွင် ဖြစ်ပေါ်တတ်သော ဝမ်း
တွင်းပါ အင်္ဂါချို့တဲ့ခြင်း၊ အနေအထားမမှန်ခြင်း၊
ရောဂါပိုးဝင်ခြင်း၊ အလုံးအဖုဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်နိုင်၏။
ခွဲစိတ်မှုပညာနှင့် ရောဂါပိုးသတ်ဆေးအမျိုးမျိုး တိုးတက်နေ
သည်နှင့်အမျှ မိန်းမဆိုင်ရာရောဂါများ ကုသရာတွင်
ခရီးရောက်ပြီး လျှင် မိန်းမရောဂါ ဆေးပညာသည်
တိုးတက်ထွန်းကားလျက် ရှိပေသည်။[၁]
ကိုးကား
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
Wikimedia Commons တွင် Obstetrics နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
ကဏ္ဍ:
- ဆေးပညာ
(RLQ=window.RLQ||[]).push(function()mw.config.set("wgPageParseReport":"limitreport":"cputime":"0.052","walltime":"0.071","ppvisitednodes":"value":92,"limit":1000000,"ppgeneratednodes":"value":0,"limit":1500000,"postexpandincludesize":"value":2660,"limit":2097152,"templateargumentsize":"value":252,"limit":2097152,"expansiondepth":"value":9,"limit":40,"expensivefunctioncount":"value":0,"limit":500,"unstrip-depth":"value":0,"limit":20,"unstrip-size":"value":324,"limit":5000000,"entityaccesscount":"value":0,"limit":400,"timingprofile":["100.00% 38.072 1 Template:Commonscat","100.00% 38.072 1 -total"," 87.54% 33.329 1 Template:Commons"," 81.87% 31.170 1 Template:Sister"," 67.77% 25.801 1 Template:Side_box"],"scribunto":"limitreport-timeusage":"value":"0.006","limit":"10.000","limitreport-memusage":"value":542531,"limit":52428800,"cachereport":"origin":"mw1319","timestamp":"20190815023957","ttl":2592000,"transientcontent":false););"@context":"https://schema.org","@type":"Article","name":"u1019u102eu1038u101au1015u103au1015u100au102c","url":"https://my.wikipedia.org/wiki/%E1%80%99%E1%80%AE%E1%80%B8%E1%80%9A%E1%80%95%E1%80%BA%E1%80%95%E1%80%8A%E1%80%AC","sameAs":"http://www.wikidata.org/entity/Q1221899","mainEntity":"http://www.wikidata.org/entity/Q1221899","author":"@type":"Organization","name":"u101du102eu1000u102eu1019u102eu1012u102eu101au102c u1015u101bu1031u102cu1002u103bu1000u103au1019u103bu102cu1038u101eu102du102fu1037 u1015u1036u1037u1015u102du102fu1038u101eu1030u1019u103bu102cu1038","publisher":"@type":"Organization","name":"Wikimedia Foundation, Inc.","logo":"@type":"ImageObject","url":"https://www.wikimedia.org/static/images/wmf-hor-googpub.png","datePublished":"2011-08-14T11:52:37Z","dateModified":"2015-11-21T00:45:31Z"(RLQ=window.RLQ||[]).push(function()mw.config.set("wgBackendResponseTime":105,"wgHostname":"mw1263"););